Sunday, August 5, 2007

မျှော်လင့်ချက်လေး

Vocalist: unknown

Song: မျှော်လင့်ချက်လေး

ဟိုးတုန်းက တို့နှစ်ယောက်အချစ်အကြောင်းကို ပြန်ပြီးတော့လွမ်းနေလို့
သာယာခဲ့ဖူးတဲ့ အချိန်များလဲ ရင်းနှီးကျွမ်းဝင်ခဲ့လည်း
လူ့ဘ၀ဆိုတာ ခက်သားကွယ်..ဖြစ်ချင်တိုင်းလည်းမရဘူးတကယ်
ကံကြမ္မာဆိုတာကိုပဲ အပြစ်တင်ရိုးလား..ငါတို့နှစ်ယောက်ကွေကွင်းခဲ့ရခြင်းက..
ချစ်ခွင့်တွေပြန်ပေးမလား.. နမ်းရှိုက်ခွင့်တွေရဦးမလား...
တခါတွဲလျှောက်ခွင့်တော့မင်းပေးနိုင်မလား...ဟိုလူ့ရင်မပျော်မွေ့လို့
ငါ့ရဲ့ရင်ပြန်လာခဲ့လည်း...မင်းအတွက်အမြဲတမ်းတံခါးလေးဖွင့်ထားတယ်
ချစ်သူရယ်....




[ မေ့လို့ရအောင်ငါကြိုးစား... ကြိုးစားလေတော့မှပိုသတိရ..
တိုက်ဆိုင်မှုများစွာ ..တွေ့ကြုံလာတိုင်းမှာ...အများမြင်ရအောင်ငါ့မျက်ရည်ကျ
ချစ်ခဲ့ကြတဲ့နေ့စွဲတွေ...၀မ်းနည်းမှတ်တမ်းအဖြစ်ကျန်ရစ်နေ....
နင့်အကြောင်းတွေရေးတဲ့ သီချင်းတွေဆိုရင်း..ငါ့နှလုံးသားထက်ကမျက်ရည်ကျဆင်း..
မင်းတစ်ယောက်သာအချစ်ဦးမို့.. ဘ၀တစ်သက်စာငါ့ရည်စူးလို့...
ပြန်တွေ့ခွင့်ရဖို့တောင်းဆုခြွေလို့.... ဟိုလူ့ရင်မပျော်မွေ့လို့
ငါ့ရဲ့ရင်ပြန်လာခဲ့လည်း..ငါမင်းအတွက်တံခါးလေးအမြဲတမ်းဖွင့်ထားတယ်..
ချစ်သူရယ် ]2

1 comment:

waihinlinn said...

သီချင်းလဲမပါဘူး :(