Thursday, August 2, 2007

အချိန်မှီသာ ပြင်ဆင်ခွင့်မရှိခဲ့ရင်

Vocalist: မျိုးကြီး
Song: အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင်

V1:
နင်ရယ်ငါရယ် အခုတစ်လောထဲ
အဆင်မပြေတာတွေ သိပ်များတယ်
စကားလေးတစ်ခွန်းမှာ အထအနကောက်တာ ခဏခဏပဲ
ငါဟာအဖြူဆို နင်ကအမည်း
ဘာမဆို တိုင်ပင်လိုက်တိုင်းပဲ
အကြောင်းမရှိအကြောင်းရှာ
ငါ့ရဲ့ အပြစ်သာနင်မြင်နေခဲ့…

Chorus:
တစ်ခုခုတော့မှားနေပြီ
တို့နှစ်ယောက်ရဲ့ အခုလက်ရှိ မှားဆဲ

အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင်
ဒါသွားပြီ သွားပြီ သွားပြီ…
အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင်
ဒါဝေးပြီ ဝေးပြီ ဝေးပြီ…
တစ်သက်လုံး ဝေးနိုင်သည်…

V2:
အရင်အချိန်တွေကို ငါနှမြောတယ်
အရင်လို ရင်မှာ ခံစားချက်
ကြိုးစားပြီး ပြန်တည်ဆောက်ခွင့်ရှိရင်
ငါလိုချင်မိ…

Chorus

ငါ့ဖက်က တတ်နိုင်သမျှ လျှော့နိုင်ဖို့ စဉ်းစားထား
ငါ့ဖက်က မပေးနိုင်သမျှ မပေးဖို့အတွက်
ငါဆုံးဖြတ်ထားရင်းက…

V1, Chorus


1 comment:

Red's Rose Dream said...

ကူးလို့မရဘူးနော်။
ထပ်တင်ပေးပါဦး။